Wednesday, June 14, 2017

ဖြေသိမ့်နည်း

ပေးဆပ်ခဲ့ရတာတွေအတွက်
တုန့် ပြန်ခံရတာတွေက
ထင် မှတ်မထားတာတွေ ဖြစ်လာတဲ့အခါ
မေ့ပျောက်ဖို့နဲ့ ခွင့်လွှတ်ဖို့ကိုသာ
မွေးမြူပါ

တောင်းဆိုခဲ့ရတာတွေအတွက်
ဖြည့်ဆည်းပေးခံရတာတွေ
နည်းပါးလာတဲ့အခါ
ရောင့်ရဲဖို့နဲ့ နားလည်ဖို့ကိုသာ
မွေးမြူပါ

နာကျင် ခဲ့ရတာတွေအတွက်
ကုစားပေးနိုင် တာတွေ
မလုံလောက်တဲ့အခါ
ကံတရားနဲ့ ဖြေသိမ့်ဖို့ ကိုမွေးမြူပါ

ကြိုးစားခဲ့ရတာတွေအတွက်
ရလဒ်ကောင်းတွေ
ထွက်ပေါ်မလာတဲ့အခါ
အားအင် သစ်နဲ့ အမှားပြင် ဖို့ကိုသာ
မွေးမြူပါ

အတိတ်အမှားတွေအတွက်
ဖြေသိမ့်မှု့တွေ အားမရှိတော့တဲ့အခါ
အမြင် သစ်နဲ့ အမှားထပ်မဖြစ်ဖို့ကိုသာ
ကြိုးစားမွေးမြူပါ

လောကကြီးဟာ ကိုယ်တယောက်တည်းအတွက် လည်ပတ်နေတာ မဟုတ်လို့
အလိုမကျမှု့တွေ မထင် မှတ်ထားခဲ့တာတွေ ဖြစ်လို့နေ နိုင် တာပါပဲ။
ဒီ့အတွက်
ပတ်ဝန်းကျင် ကို အပြစ်မရှာ အပြစ်မတင် ပဲ ငြိမ်းချမ်းတဲ့ စိတ်အမြင် နဲ့
ကိုယ့်ကိုယ်ကို အားပေးဖြေသိမ့်ရင်း
အနာဂတ်ကို ဆက်လက်ချီတက်သင့်တာပါပဲ။

#ငြိမ်းလဲ့။

0 comments:

Post a Comment