ဘုရားဂုဏ်တော်(၉)ပါး ပွားများ၍ သီသန့်ရရှိသော အကျိုးကျေးဇူးများ
(၁) ဣတိပတော ဘဂ၀ါ အရဟံ
ကိလေသာခပ်သိမ်း ကင်းပြတ်ငြိမ်းသဖြင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား။
(ဘေးရန်ကင်းခြင်း၊ ကျန်းမာခြင်း၊ လာဘ်လာဘပေါများခြင်း)
(၂) သမ္မာသမ္ဗုဒ္ဓေါ
သင်္ခါရ၊ ၀ိကာရ၊ နိဗ္ဗာန်၊ ပဥာတ် ဟူသော ညေယျဓမ် တရားငါးပါးကို အကုန်သိမြင်တော်မူသော မြတ်စွာ ဘုရား။
(စိတ်ရွှင်လန်းခြင်း၊ ဥာဏ်ပွင့်ခြင်း၊ စာမေးပွဲအောင်ခြင်း)
(၃) ၀ိဇ္ဇာစရဏ သမ္မန္နော
အသိ အကျင့် နှစ်ပါးနှင့် ပြည့်စုံသော မြတ်စွာဘုရား။
(၀ိဇ္ဇာပညာ အသက်မွေးအတတ်ပညာများ ပြိုင်ဘက်မရှိ တတ်မြောက်ခြင်း)
(၄) သုဂတော
ကောင်းသော၊ အကျိုးရှိသော စကားကို ဆိုတော်မူသည့် မြတ်စွာဘုရား။
(စကားစစ်ထိုးခြင်း၊ အမှုအခင်း၊ အရောင်းအ၀ယ်၊ အရေးတကြီးကိစ္စများ ပြေဆိုရာ၌ အောင်မြင်ခြင်း)
(၅) လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိမြင်တော်မူသည့် မြတ်စွာဘုရား။
(လောကရေး၊ လူမှုရေးရာ အဖြာဖြာနှင့် လူကင်းလူကဲများကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင် သိနိုင်ခြင်း)
(၆) အနုတ္တရော ပုရိသ ဓမ္မသာရထိ
ဆုံးမထိုက်သူကို ဆုံးမရာ၌ အတုမရှိ ပြိုင်ဘက်မရှိသော မြတ်စွာဘုရား။
(နတ်၊ လူ တို့အလယ်တွင် ကျော်ဇောသတင်းပြန့်နှံ့ခြင်း။ ရှိခိုးပူဇော်ခံရခြင်း)
(၇) သတ္တာဒေ၀မနုဿနံ
လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ဆရာဖြစ်ထိုက်သော မြတ်စွာဘုရား။
(နုတ်စ၊ လျှာစ၊ ထက်မြတ်ပြင်းထန်၍ ဆိုတိုင်းရ၊ ကြံတိုင်အောင်မြင်ခြင်း)
(၈) ဗုဒ္ဓါ
သစ္စာ လေးပါးကို သိမြင်တော်မူသည့် မြတ်စွာဘုရား။
(ဘေးဆိုး၊ ရန်ဆိုး၊ ကြမ္မာဆိုး အမျိုးမျိုးမှ လွတ်ကင်းခြင်း)
(၉) ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား။
(ဘုန်တန်ခိုး တေဇော်အာနုဘော်ကြီးမားခြင်း)
facebook သို့ 

0 comments:
Post a Comment