"HIVရောဂါ"
ဒေါက်တာဆု ဆေးပညာ ဒါ န
HIV ရောဂါ ပိုး ရှိလျင် အသက် အနရာယ်ရှိ ပါသည် ။ HIV ရောဂါ ဖြစ် မှမဟုတ် ၊ တီဘီ ရောဂါ ၊နှလုံးရောဂါ ၊ ကင်ဆာရောဂါ စသည် တို.ဖြစ်လျင်လည်း အသက် အနရာယ်ရှိ တာပဲဖြစ်သည်။
အဓိက လိုအပ်ချက်မှာ သင့်တော်သော ဆရာဝန်နှင့် ပြသပြီး ၊ ညွှန်ကြား ချက်အတိုင်း အတိအကျ လိုက်နာ ကုသနိုင် ဖို.ဖြစ်ပါသည်။
နေကောင်း ကျန်းမာနေ ချိန် တွင် HIV ရောဂါ ပိုး ရှိ နေပြီဟု ဆေး စစ်ချက်အရ တွေ. ရှိရပါ က ၊ အဆိုးထဲမှ အကောင်းဟု မှတ်ယူပါ။ အဘယ့်ကြောင့်ဆိုသော် HIV ရောဂါ ကို တန်.နေစေနိုင်သော HIV ရောဂါ ဆေးများသောက်ရန် အချိန်ရ လို.ဖြစ်သည်။ AIDS အဆင့်ရောက်မှ ရောဂါ ရှိကြောင်း သိရသူများ ထက်ကံ ကောင်း နေပါသေးသည်။
AIDS အဆင့်ရောက်မှ ရောဂါ ရှိကြောင်း သိရ ပါက ခုခံအားသိပ်နဲနေ ပြီဖြစ်ပြီး၊ ရောဂါ ပိုးအရေတွက်လည်း ၊ သိပ်များနေပြီဖြစ်ရာ ၊ ဆေး ကုသရာတွင် ထိရောက်မှု နဲပါသည်။
HIV ရောဂါ ပိုး ရှိလျင် ပထမဆုံး လုပ်ရမည်မှာ ရှိကြောင်း သေချာ ဖို.ဖြစ်သည်။ ELISA Test တွင် တွေ.ရှိပါက NAT Test ဖြ င့် confirm လုပ်ရပါမည်။ အဘယ့်ကြောင့်ဆိုသော် False Positive ရှိ တတ်လို.ဖြစ်သည်။
HIV ရှိကြောင်းသေ ချာပါက( viral load ) HIV ရောဂါ ပိုး ပမာဏ နှင့် ( CD4 count ) ခုခံအား ပမာဏ ကို သွေးစစ်ရပါမည်။
( viral load ) HIV ရောဂါ ပိုး ပမာဏ မှာနဲလေ ကောင်းလေဖြစ်သည်။
( CD4 count ) ခုခံအား ပမာဏ မှာများလေ ကောင်းလေဖြစ်သည်။
(CD4 count ) ခုခံအား ပမာဏ < 350 cells / micro litre ထက်နဲနေပါက ဆေး စတင်သောက်ရတော့ မည်ဖြစ်သည်။
ဆေး စသောက်ရမည် ဆိုပါက ဆေး ၃ -၄ မျိုး ကို တနေ.၁-၂ ကြိမ် ဖြင့်နေ.စဉ် မပျက်မကွက် သောက်ရပါမည်။ ဆေး စသောက်ရလျင် ဆေးသောက်မပျက် ကွက်ဖို. အလွန် အရေး ကြီး ပါသည်။ ဆေး သောက် ပျက်ကွက်ပါက ရော ဂါပိုးများ ဆေး ယဉ်သွားပြီး ၊ ဆေးမတိုး ဖြစ်နိုင်ပါသည်။ ထို အခါ အခြားဆေး တမျိုး ပြောင်းပေးရလျင် ဘေးထွက်ဆိုး ကျိုး ပိုများသောဆေးကို သောက်ရလိမ့်မည်။
HIV ရောဂါ သည် ကုသပျောက်ကင်းဆေး မရှိသေးပါ။
သောက်ရမည့်ဆေးများသည် ရောဂါ ကို အတိုင်းအတာတခုထိ တန်.နေရုံ ၊ ခုခံအား ကျဆင်းမှုကို အတိုင်းအတာတခုထိ ထိန်းထားနိုင်ရုံ သာဖြစ်ပါသည်။
ကူးစက်ရောဂါ အထူးကုဆရာဝန်နှင့် ပြသပြီးဆေးစသောက်ရမည်။ ဆေးများ အခမဲ့ ထုတ်ယူနိုင်ပါသည်။
ရောဂါရှိ သူ ကလည်းကျန်းမာရေးကောင်းအောင်နေထိုင် တတ်ရမည်။
အရက်ဆေးလိပ် ဖြတ်ပါ။
အဟာရဖြစ်အောင်စားပါ။
သွေးမလှူ ရပါ။ သွေး လှူခြင်းဖြင့် သူတပါးကို ရောဂါကူး စက်စေပြီး ၊ ကိုယ်တိုင်တွင်လည်း အားနဲကာရောဂါ ပိုဆိုးလာမည်။
ရောဂါရှိ ပြီး ပြီ မထူးပါဘူးဆိုကာ အပျော်ပါး မလိုက်စားရပါ။ အပျော်မယ်ဆီမှ လိင်ကူးစက်ရောဂါ များသည် ခုခံအားနဲသော HIV ရောဂါရှင်ထံသို. အလွယ်တကူ ကူးစက်ပြီး HIV ရောဂါ မှ AIDS အဆင့်သို. အရောက်မြန်လိမ့်မည်။ အပျော်မယ်ဆီ တွင် HIV ရောဂါ ရှီပါကလည်း သူမေ၇ာဂါက ပိုပြင်းထန်ပါက HIV ရောဂါရှင်ထံသို.ပိုးတွေပိုရောက်လာပြီး AIDS အဆင့်သို. အရောက်မြန်လိမ့်မည်။ AIDS အဆင့်သို. ရောက် ပါက ၁ - ၂ နှစ်အတွင်း အသက်အနရာယ်ရှိ သည်။
အိမ် ထောင်ဘက်နှင့် ဆက်ဆံသောအခါ condom သုံးပါ ။ HIV ရောဂါရှင် ၏ သွေး၊ သွားရည် ၊ သုတ်ရည် များ အီမ်ထောင် ဘက်ကို မထိ ပါ စေ နှင့်။ အီမ်ထောင် ဘက် လည်းသွေးစစ်ရန် လိုပါသည်။
အချုပ်အားဖြင့် ဆိုသော် HIV ရောဂါ သည် ကုသပျောက်ကင်းနိုင်သော ဆေးမရှိသေးသဖြင့် ၊ ကျန်း မာရေးနှင့် ညီညွတ်စွာနေထိုင်ပြီး၊ ရောဂါ ထိန်းဆေးများက်ု အတိအကျသောက်သုံးခြင်းဖြင့် ၊ AIDS ရောဂါ အဆင့် သို. အမြန် မရောက်အောင် ထိန်း သိမ်းနေထိုင်ရ မည်ဖြစ်ပါသည်။
်HIV ရောဂါ ကို AIDS အဆင့် မရောက် အောင် ကာကွယ် ထိန်း သိမ်းနေထိုင်စဉ် HIV ကုသပျောက်ကင်းဆေး ကို သုတေသနလုပ်ငန်းများ မှ စမ်းသပ်အောင်မြင်ပါ က၊ ကုသပျောက်ကင်းပေလိမ့် မည်။ ဆေး တွေ. ဖို ကို နိုင်ငံကြီးများမှ ငွေအားလူ အား အလုံးအရင်းနှင့် သုံးစွဲကာ သုတေသန လုပ်နေကြပါသည်။
အ သည်းရောင် အသား ၀ါ C ပိုး သည်လည်း ကူးစက်ရောဂါ ဖြစ်ပြီး ၊ သူတပါးကို မကူးအောင် အထက်ပါနည်းများ အတိုင်း ဆင်ခြင်ရမည်။ HIV နှင့် အ သည်းရောင် အသား ၀ါ C ပိုး ပူးတွဲရှိနေ ပါက၊ HIV ဆေး နှင့် အ သည်း ဆေးကို ပူး တွဲကုသရမည် ဖြစ်ပြီး ၊ HIV ကို စနစ်တကျ ကုသခံခြင်းဖြင့် ၊အ သည်းရောင် အသား ၀ါ C ပိုး မှ နောက် ဆက်တွဲ ဖြစ်လာနိုင်သော အသည်း ကြွတ် ရောဂါ ၊ အသည်း ကင်ဆာ တို. ကို ကာကွယ်ရမည်။
https://www.facebook.com/mudonwaingaung/posts/1557690174505533

0 comments:
Post a Comment